ဇူလိုင်လ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့ဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ် ကျန်ဟိုင်းဖိန် (Chen Haiping) သည် တရုတ်-ထိုင်းနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အနှစ် ၅၀ မြောက် နှစ်ပတ်လည်ဧည့်ခံပွဲကို အခမ်းအနားဖြင့် ကျင်းပခဲ့သည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ နိုင်ငံတကာဖလှယ်ရေးဌာန ညွှန်ကြားရေးမှူး ကျန်ယွန်ကျီး (Zhang Yunzhi) ဦးဆောင်သော တက္ကသိုလ်အနုပညာအဖွဲ့သည် ဖိတ်ကြားချက်အရ တက်ရောက်ကာ ပညာရေးနယ်ပယ်မှ လူပေါင်းအယောက်(၁၀၀၀)နီးပါးနှင့်အတူ ဤကြီးကျယ်သောပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခဲ့ပြီး တရုတ်-ထိုင်းနှစ်နိုင်ငံ ပညာရေးပူးပေါင်းမှုအား စွမ်းအားအသစ်များ ထပ်မံဖြည့်ဆည်းပေးခဲ့သည်။