ဇွန်လ ၂၇ ရက်၊ မနက်ပိုင်းတွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ၎င်း၏ ဝူးဟေကျောင်းဝင်း၌ ၂၀၂၅ခုနှစ် ဘွဲ့ရကျေင်းသူကျောင်းသားများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် ပထမဘွဲ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ တက္ကသိုလ် ဒါရိုက်တာအဖွဲ့ခေါင်းဆောင်များ၊ ပါတီနှင့် အစိုးရဆိုင်ရာ ခေါင်းဆောင်များ၊ ဘွဲ့ရကျေင်းသူကျောင်းသားကိုယ်စားလှယ်များ၊ အလယ်အလတ်အဆင့် ခေါင်းဆောင်များ အားလုံး နှင့် ဘွဲ့ရမည့်အတန်းအတန်းပိုင်ဆရာဆရာမများ၊ကျောင်းသားလမ်းညွှန်ဆရာဆရာမများ တက်ရောက်ခဲ့ကြသည်။ဆရာဆရာမများ၊ မိဘများနှင့် မိတ်ဆွေများ၏ ဆုတောင်းသံများတွင် ၂၀၂၅ ခုနှစ် ဘွဲ့ရကျေင်းသူကျောင်းသားအယောက်၈၇၀၀ကျော်သည် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ထွက်ခွာကာ ကျယ်ပြန့်သော လောကသို့ ခရီးသွားခဲ့ကြသည်။ အခမ်းအနားကို ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ဓာတ်ပုံ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် တပြိုင်နက်တည်း ပြသခဲ့ရာ စုစုပေါင်း ကြည့်ရှုသူပေါင်းအယောက် ၂၀ သောင်းကျော် ရှိခဲ့သည်။