ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ကျောင်းတည်ထောင်ခြင်း နှစ် 20 ပြည့် ဂုဏ်ပြုပွဲနှင့်ပျော်ပွဲရွှင်ပွဲ ကျင်းပ - တက်ကြွလန်းဆန်းခြင်း အနှစ် (၂၀)၊ အနာဂတ်ဆီသို့ ဆက်လက် ကြိုးပမ်းအားထုတ်ခြင်း

Time: 2024-11-25 Source: GUFL

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေတွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် တက်ကြွလန်းဆန်းခြင်း အနှစ် (၂၀)၊ အနာဂတ်ဆီသို့ ဆက်လက် ကြိုးပမ်းအားထုတ်ခြင်း ဆိုသည့်ခေါင်းစဉ်ဖြင့် ကျောင်းတည်ထောင်ခြင်း နှစ် 20 ပြည့် ဂုဏ်ပြုပွဲနှင့်ပျော်ပွဲရွှင်ပွဲကို ဝူးဟေကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ကျောင်း၏ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားအားပေးကူညီသည့် အဆင့်ဆင့်သော ခေါင်းဆောင်များ၊ မိတ်ဖက်တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး တက္ကသိုလ်များမှ ကိုယ်စားလှယ်များ နှင့် ပြည်တွင်း၊ ပြည်ပရှိ ကျောင်းသားဟောင်းများစသည့်ပုဂ္ဂိုလ်များသည် ဂုဏ်ပြုပွဲသို့ လာရောက်တက်ရောက်ခြင်း သို့မဟုတ် ချီးကျူးဂုဏ်ပြုစာများ ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉