လူငယ်များအား တရုတ်ပုံပြင်များကို ကောင်းကောင်းပြောပြရန်၊ တရုတ်အသံများကို ကောင်းကောင်းဖြန့်ဝေရန်၊ ယုံကြည်စိတ်ချရ၍ ချစ်ခင်ဖွယ်ကောင်းပြီး ရိုသေလေးစားဖွယ်ကောင်းသော တရုတ်နိုင်ငံ၏ရုပ်သွင်ကို ဖော်ပြရန်လည်းကောင်း၊ ယဉ်ကျေးမှုစုံလင်မှု၏ အနှစ်သာရကို ခံစားနားလည်ရန်လည်းကောင်း၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်မှု၏ အလှကို ရှုစားရန်လည်းကောင်း ရှေ့ဆောင်ညွှန်ပြရန်အတွက်၊ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ဇွန်လ (၁၉) ရက်နေ့ ညနေပိုင်းတွင် ဝူးဟေကျောင်းဝင်းရှိခန်းမဆောင်၌ “တရုတ်ပုံပြင်များကို ပြောပြခြင်း၊ ညီညွတ်ခြင်းအလှကို ဖော်ပြခြင်း” ဆိုသည့် လိုရင်းအချက်ဖြင့် တတိယကြိမ်မြောက်“ရပ်ဝန်းနှင့်ပိုးလမ်းမ”ပုံပြင်များကိုဘာသာစကားမျိုးစုံဖြင့်ကောင်းမွန်စွာပြောပြရန်ပြိုင်ပွဲကို ကျင်းပခဲ့သည်။