မကြာသေးမီက ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ဥက္ကဋ္ဌ ဒေါက်တာ ဝေးချန်း ဦးဆောင်သော အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်ပင်မြို့သို့ သွားရောက်ကာ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ကမ္ဘောဒီးယား ကျောင်းသားဟောင်းများအသင်း ကိုယ်စားလှယ်များအား သွားရောက် တွေ့ဆုံခဲ့သည်။ ၎င်းတို့အား မိခင်တက္ကသိုလ်၏ ဆုတောင်းချက်များ ပေးပို့ပေးခဲ့ပြီး “တရုတ်စိတ်ဓာတ်ကို ထိန်းသိမ်း၍ အပြည်ပြည်ဆိုင်ရာလူသားကောင်း ဖြစ်ပါစေ” ဟူသော တက္ကသိုလ်၏ ဆောင်ပုဒ်စိတ်ဓာတ်ကို အကောင်အထည်ဖော်ရန်၊ ဦးဆောင်လမ်းပြသူများ ဖြစ်လာရန်၊ ကြိုးစားအားထုတ်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် မိမိတို့၏ ကိုယ်ပိုင် အောင်မြင်သော လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ရန် ကျောင်းသားဟောင်းများကို အားပေး မှာကြားခဲ့သည်။