ယခုပညာသင်နှစ်တွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုစသော နိုင်ငံများမှ နိုင်ငံတကာကျောင်းသားအယောက် (၂၀၀) နီးပါးဦး ရောက်ရှိလာခဲ့သည်။ ထိုနိုင်ငံတကာကျောင်းသားများအား တရုတ်ယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို နီးကပ်စွာ ခံစားနိုင်စေရန် ရည်ရွယ်၍၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဒုတိယကျောင်းအုပ်ကြီး ဒုတိယပါမောက္ခ ဦးကွေ့မင်၏ ဦးဆောင်မှုဖြင့် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်၏ နိုင်ငံတကာကျောင်းသားအယောက် (၁၅၀) ဦးသည် နန်နင်းမြို့ ဥယျာဉ်ပြပွဲရုံသို့ သွားရောက်ကာ စုံလင်သော တရုတ်ယဉ်ကျေးမှု လေ့လာရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။