ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ၁၀ ကြိမ်မြောက် တစ်နိုင်ငံလုံး တက္ကသိုလ်ကျောင်းသားများ ဗီယက်နမ်စကားပြော ပြိုင်ပွဲတွင် ဂုဏ်ထူးဆောင်ဆုများစွာ ရရှိ

Time: 2023-05-18 Source: GUFL

မကြာသေးမီက၊ “စီတူဖလား” ၁၀ ကြိမ်မြောက် တစ်နိုင်ငံလုံး တက္ကသိုလ်ကျောင်းသားများ ဗီယက်နမ်စကားပြော ပြိုင်ပွဲနှင့် ဗီယက်နမ်ဘာသာစကား သင်ကြားရေး ဆွေးနွေးပွဲ သည် ကွမ်ရှီးတက္ကသိုလ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ဤပြိုင်ပွဲတွင် တစ်နိုင်ငံလုံးမှ တက္ကသိုလ်များ ၂၅ ခုမှ ပါဝင်ယှဉ်ပြိုင်သူ ၁၀၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ၎င်း၏ ဗီယက်နမ်ဘာသာစကားဌာနမှကျောင်းသား ၅ ဦးကို ပြိုင်ပွဲသို့ စေလွှတ်ခဲ့ပြီး၊ ဆုများစွာ ရရှိခဲ့သည်။ ဆုရရှိသူများမှာ -ကျောင်းသူ ကျန်းစီ ရှန်းသည် ပြိုင်ပွဲ၏ တတိယနှစ်အဆင့်ပထမဆုရရှိ၊ကျောင်းသား ဟွောင်ချွမ်ကျီသည် ပြိုင်ပွဲ၏ တတိယနှစ်အဆင့် ဒုတိယဆုရရှိ၊ကျောင်းသူ ဖျင်လူသည် ပြိုင်ပွဲ၏ ဒုတိယနှစ်အဆင့်ဒုတိယဆုရရှိ၊ကျောင်းသူ ဝမ်ရှူဖုန်သည် ပြိုင်ပွဲ၏ ဒုတိယနှစ်အဆင့် တတိယဆုရရှိ၊ကျောင်းသား ရန်အာကျိုးသည် ပြိုင်ပွဲ၏ စတုတ္ထနှစ်အဆင့်ထူးချွန်ဆုရရှိခဲ့သည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉