တရုတ်နှင့်ထိုင်းနှစ်နိုင်ငံကျောင်းသားများ၏ချစ်ကြည်ရေးတိုးမြှင့်ရန်၊ ထိုင်းနိုင်ငံမှ နိုင်ငံတကာကျောင်းသားများ တရုတ်ရိုးရာယဉ်ကျေးမှုများကို နားလည်သဘောပေါက်စေရန်နှင့် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်မှု မြှင့်တင်ရန် မကြာသေးမီက အရှေ့တောင်အာရှ ဘာသာစကားနှင့်ယဉ်ကျေးမှုကောလိပ်မှထိုင်းဘာသာအသင်းက တရုတ်-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးဖလှယ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံမှ နိုင်ငံတကာကျောင်းသားများသည် တရုတ်လက်ရေးလက်သား၊ အစားအစာ ချက်ပြုတ်မှုနှင့် လက်ဖက်ရည်သောက်သုံးမှု အနုပညာပြပွဲ အစီအစဉ်များမှတစ်ဆင့် တရုတ်နိုင်ငံ၏ နက်ရှိုင်းကျယ်ပြန့်သော ရိုးရာယဉ်ကျေးမှုများကို လေ့လာခဲ့ကြသည်။