ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထိုင်းနိုင်ငံမေ့ကျိုးတက္ကသိုလ်၌ ခမ်းနားသော ဘွဲ့အပ်နှင်းသဘင်ကျင်းပရာ ထိုင်းနိုင်ငံမင်းသမီး ကျူးလားဖုန်း (Princess Chulabhorn) သည် တက်ရောက်၍ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်၏ ဖွဲ့စည်းတည်ထောင်သူများထဲမှတစ်ဦး ကျူးကွေ့လင်အား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့လက်မှတ်ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ အလားတူဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ရရှိသူများတွင် လာအိုပြည်သူ့ဒီမိုကရေစီသမ္မတနိုင်ငံ ဒုတိယဥက္ကဋ္ဌ ဗန်ကမ့် (Phankham Viphavanh)စသည့် အရှေ့တောင်အာရှနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များ လည်းပါဝင်သည်။