ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၂၅ခုနှစ် ဆောင်းဦးရာသီလေ့လာရေးကာလပိုင်း ထိုင်းနိုင်ငံ ဟွာချာချုန်စမ်း တက္ကသိုလ် တရုတ်ရိုးရာဆေးပညာ သင်တန်း ဖွင့်ပွဲ ကျင်းပ

Time: 2025-12-12 Source: GUFL

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ကျီယွမ်အဆောက်အဦ အစည်းအဝေးခန်း ၁၀၁ တွင် ၂၀၂၅ခုနှစ် ဆောင်းဦးရာသီလေ့လာရေးကာလပိုင်း ထိုင်းနိုင်ငံ ဟွာချာချုန်စမ်း တက္ကသိုလ် တရုတ်ရိုးရာဆေးပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ဤအခမ်းအနားသို့ ထိုင်းနိုင်ငံ ဟွာချာချုန်စမ်း တက္ကသိုလ် တရုတ်ရိုးရာဆေးပညာသင်တန်းမှ ကျောင်းသား ၂၁ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သည် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၈ လကြာ တရုတ်ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းကို တက်ရောက်သင်ယူကြမည်ဖြစ်သည်။ ဤဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခြင်းသည် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ထိုင်းနိုင်ငံ ဟွာချာချုန်စမ်း တက္ကသိုလ် တို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများ ပိုမိုနက်ရှိုင်းလာကြောင်း ပြသလျက်ရှိသည်။

一审:邱嘉媚 二审:黄琦蔚 三审:蒋成军