ယဉ်ကျေးမှုပွဲတော်၊ အဆိုတေးဂီတပြပွဲ၊ ရေဖျန်း၍ ဆုတောင်းပေးခြင်း…… ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်ကျင်းပသောသင်္ကြန်ပွဲသည် အရမ်းကောင်းခဲ့တာပေါ့

Time: 2025-04-22 Source: GUFL

ဧပြီလ ၂၁ ရက်မှ ၂၂ ရက်နေ့ညနေပိုင်းတွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ဝူးဟေ နှင့် ကွန်ချုံကျောင်းဝင်းနှစ်ခုများ၌ "အတူယှဉ်တွဲနေထိုင်ခြင်း၊ ကံကြမ္မာမျှဝေခြင်း"လိုရင်းအချက်ဖြင့် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုပွဲ အဖွင့်အခမ်းအနားနှင့် ၂၀၂၅ သင်္ကြန်ပွဲကို သီးခြားစီကျင်းပခဲ့သည်။ ဂုဏ်ထူးဆောင် ပါမောက္ခချုပ် ပါမောက္ခ ဆိုင်ချန်ကျိုး စသောခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ဆရာဆရာမ၊ကျေင်းသူကျောင်းသားအယောက်၃၀၀၀ကျော်နှင့် ထိုင်း၊ ဗီယက်နမ်စသည့်နိုင်ငံများမှ နိုင်ငံတကာကျေင်းသူကျောင်းသားကိုယ်စားလှယ်အယောက်၂၀၀ကျော်တို့သည် မင်ဒဲတိုက်ရင်ပြင်တွင် စုဝေးကာ နယ်စပ်များကို ဖြတ်ကျော်သည့် ယဉ်ကျေးမှုပွဲတော်ကြီးကို အတူတကွ ဖွင့်လှစ်ခဲ့ကြသည်။ အားလုံးများသည် ကခုန်သည်၊ အရသာရှိသော စားဖွယ်များ ခံစားသည်၊ ရေဖျန်းကာ ပျော်မြူးသည် ။ ကောင်းချီးမင်္ဂလာများနှင့် ဝမ်းမြောက်စရာများကို အပြန်အလှန် မျှဝေခဲ့ကြပြီး အဆုံးမရှိသော စိတ်ခွန်အားနှင့် ပျော်ရွှင်မှုများကို အတူတကွ ခံစားခဲ့ကြသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉