မကြာသေးမီက အမေရိကန် ကယ်လီဖိုးနီးယား ပိုမိုနာကောလိပ် အာရှတိုက်ဘာသာစကားနှင့် စာပေဌာန ပါမောက္ခ၊ ထင်ရှားသော တရုတ်စာပေပညာရှင် အာလန်အိပ်ချ်ဘား (Allan.H.Barr) သည် နှစ်(၃၀)ကြာ ဘာသာပြန်အတွေ့အကြုံဖြင့် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ယူဟွာ၏လက်ရာများ ဘာသာပြန်ဖြန့်ချိရေးခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ အထူးဟောပြောချက်ကို ပြုလုပ်ခဲ့သည်။ဤလက်ချာကို စာပေကောလိပ်ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျင်းကျန်းသည် စီစဉ်ပေးခဲ့ပြီး ဒုတိယပါမောက္ခ ကျူဆန်ကျွန်းသည် ဦးဆောင်ကျင်းပခဲ့သည်။ ကျောင်းတွင်းဆရာဆရာမ၊ကျေင်းသူကျောင်းသားများအပြင် ယူလင်ဆရာအတတ်သင်တက္ကသိုလ် စာပေဌာန ပါမောက္ခ ရန်ဟိုချွမ် နန်းနင်းစာရေးဆရာအသင်း ဒုဥက္ကဋ္ဌ ဖုန်းဆမ်းစီ အပါအဝင် ကျောင်းပြင်ပ ပညာရှင်များ ပါ နားထောင်ရန် ရောက်ရှိလာခဲ့ကြသည်။