ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ အရှေ့တောင်အာရှနိုင်ငံများမှ ပညာတော်သင်များ ယူနန်ပြည်နယ် လီကျိုးမြို့သို့ ယဉ်ကျေးမှုလက်တွေ့လေ့လာခံစားမှုနှင့် လူမှုလက်တွေ့လုပ်ဆောင်မှု ပြုလုပ်

Time: 2024-11-30 Source: GUFL

မကြာသေးမီက ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ အရှေ့တောင်အာရှနိုင်ငံများမှ ပညာတော်သင်များ ၂၀ ကျော် သည် တက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာပညာရေးကောလိပ်၏ စီစဉ်မှုဖြင့် ယူနန်ပြည်နယ်၊ လီကျိုးမြို့သို့ ထူးခြားသောယဉ်ကျေးမှုလက်တွေ့လေ့လာခံစားမှုနှင့် လူမှုလက်တွေ့လုပ်ဆောင်မှုခရီးစဉ်ကို စတင်ခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံများမှ ပညာတော်သင်များသည် လီကျိုးရှေးဟောင်းမြို့၊ ယူလုန်းဆီးနှင်းတောင် ၊ တုံးပါး ယဉ်ကျေးမှုသမိုင်းပြတိုက် အစရှိသော နေရာများသို့ လည်ပတ်ကာ တရုတ်နိုင်ငံလီကျိုးရှေးဟောင်းမြို့၏ သမိုင်းကြောင်းများကို ရှာဖွေလေ့လာခဲ့ပြီး၊ စုံလင်လှသော တရုတ်ယဉ်ကျေးမှုများကို အားရပါးရ လေ့လာခဲ့ကြသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉