ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာဆရာမနှင့် ကျေင်းသူကျောင်းသားကိုယ်စားလှယ်များ ဟောင်ကောင်အနုပညာတက္ကသိုလ်၊ ဟောင်ကောင်လင်နန်းတက္ကသိုလ်နှင့် ဟောင်ကောင်ဟန်ဆန်းတက္ကသိုလ်သို့ ဖလှယ်လေ့လာ

Time: 2024-10-24 Source: GUFL

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျွန်ုပ်တို့တက္ကသိုလ်မှ ဥရောပ-အမေရိကန် ဘာသာစကားနှင့်ယဉ်ကျေးမှုကောလိပ်နှင့် အနုပညာကောလိပ် ဆရာဆရာမနှင့် ကျေင်းသူကျောင်းသားကိုယ်စားလှယ်များ ၁၀ ဦးသည် ဟောင်ကောင်သို့သွားရောက်ကာ ထိရောက်သော ပညာရေးဖလှယ်မှုများ ဆောင်ရွက်ခဲ့သည်။အောက်တိုဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်း ဥရောပ-အမေရိကန်ဘာသာစကားနှင့်ယဉ်ကျေးမှုကောလိပ် ဌာနမှူး ချန်ကျီချန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဟောင်ကောင်အနုပညာတက္ကသိုလ်၊ ဟောင်ကောင်လင်နန်းတက္ကသိုလ်နှင့် ဟောင်ကောင်ဟန်ဆန်းတက္ကသိုလ်တို့သို့ သွားရောက်လည်ပတ်ပြီး နက်နက်ရှိုင်းရှိုင်း ပညာရေးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။အောက်တိုဘာလ ၁၅ ရက်တွင် အနုပညာကောလိပ် ဌာနမှူး ကျော်ရှောင်မဲ ဦးဆောင်သော အဖွဲ့သည် ဟောင်ကောင် အနုပညာတက္ကသိုလ်သို့ သွားရောက်ကာ ရက်ငါးရက်ကြာ ပြသမှုနည်းပညာ ဆွေးနွေးပွဲ ကျင်းပခဲ့ပြီး၊ ရိုးရာပြသမှုအနုပညာ၏ ဆန်းသစ်တီထွင်မှုအား နည်းပညာဖြင့် မည်သို့အသက်သွင်းနိုင်မည်နည်း စသည့် ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉