တရုတ်ဗဟိုရုပ်မြင်သံကြား ရုပ်သံလိုင်းCCTV13 : တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်များသည် ကွမ်ရှီးတွင် အဆက်မပြတ် ပေါ်ထွန်းလျက်ရှိသည်။ ကွမ်ရှီး၊ နန်နင်းမြို့တွင် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် စီးပွားရေး ကြီးကြပ်မှုစင်တာ ၃ ခုကို တည်ဆောက်ပြီးစီးခဲ့ပြီး၊ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကုန်သွယ်မှုများ အကောက်ခွန်ရှင်းလင်း ချိန်ကို ၁ နာရီအထိ လျှော့ချနိုင်ခဲ့ကာ၊ ပျမ်းမျှနေ့စဉ် အကောက်ခွန်ရှင်းလင်းနိုင်စွမ်းမှာ အမှာစာ ၂ သန်းအထိရှိသည်။ ကျောင်းများနှင့် လေ့ကျင့်ရေးစင်တာများတွင်မူ ပိုမိုနက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိသည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်တွင်၊ တရုတ်နှင့် နိုင်ငံခြားကျေင်းသူကျောင်းသားများသည် နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ထုတ်လွှင့်မှုကို စမ်းသပ်လေ့ကျင့်နေကြသည်။
ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် RCEP နိုင်ငံအားလုံး၏ ဘာသာစကားများကို သင်ကြားပေးသည့် ဘာသာစကား ပညာရပ်များ ဖွင့်လှစ်ထားသည်။ မကြာသေးမီနှစ်များအတွင်း နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် စီးပွားရေး လုပ်ငန်း အလျင်အမြန် တိုးတက်လာသည်နှင့်အမျှ၊ တက္ကသိုလ်သည် RCEP နိုင်ငံများအတွက် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်စီးပွားရေးလူချွန်များ မွေးထုတ်ပေးရန် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် စီးပွားရေး ပညာရပ်ကို ထပ်မံဖွင့်လှစ်ထားသည်။