ဝမ်းမြောက်ဖွယ်ရာ သတင်း :ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု ဆွတ်ခူး! ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် နဂါးနှင့်ခြင်္သေ့အသင်း ထပ်မံအောင်ပွဲခံ!

Time: 2024-08-02 Source: GUFL

ဇူလိုင်လ ၂၉ ရက်နေ့တွင်၊ ကွေ့လင်မြို့၊ ယုံဖူးခရိုင်တွင် ကျင်းပသည့်  ၁၆ ကြိမ်မြောက် တရုတ်နိုင်ငံ တက္ကသိုလ်ကျောင်းသား နဂါးနှင့် ခြင်္သေ့ကစားခြင်း တံခွန်စိုက်ပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ တရုတ်ရိုးရာ အားကစား ပြိုင်ပွဲတစ်ခုဖြစ်သည့် ဤပြိုင်ပွဲသို့ တိုင်းပြည်အနှံ့မှ တက္ကသိုလ် ၄၃ ခုမှ ထူးချွန်သော အားကစားသမား အယောက် ၆၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့ တက္ကသိုလ်၏ နဂါးနှင့်ခြင်္သေ့အသင်းသည် ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးနိုင်ခဲ့သည်။ ၎င်းတို့မှာ အမျိုးသား တောင်ပိုင်းခြင်္သေ့သတ်မှတ်ထားသော လှုပ်ရှားမှုအစီအစဉ်တွင် ငွေတံဆိပ်၁ခု ၊အမျိုးသား တောင်ပိုင်းခြင်္သေ့ကိုယ်ပိုင်ဖန်တီးထားသော လှုပ်ရှားမှုအစီအစဉ်တွင် ငွေတံဆိပ်၁ခု၊ရိုးရာ တောင်ပိုင်းခြင်္သေ့ကစားခြင်း ဆရာဆရာမများ အဖွဲ့တွင် ငွေတံဆိပ်၁ခု၊အမျိုးသား ရိုးရာ တောင်ပိုင်းခြင်္သေ့ကစားခြင်းတွင် ကြေးတံဆိပ်၁ခု၊ထို့အပြင် အမျိုးသားအသင်း စုစုပေါင်းရမှတ်အရ ဒုတိယနေရာ ကိုလည်း ရရှိခဲ့သည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉