ဇူလိုင်လ 20 ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘုရင်မကြီး စီရီကစ် အမျိုးသားညီလာခံစင်တာ၌ ၂၀၂၄ ထိုင်းနိုင်ငံပညာရေးပြပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။ ဤပွဲသည် ထိုင်းနိုင်ငံကျေင်းသူကျောင်းသားများ၏ အနာဂတ်ပညာရေးလမ်းကြောင်း ရေးဆွဲရန်၊ နိုင်ငံတကာပညာရေးအရင်းအမြစ်များ ဖလှယ်ရန်နှင့် မျှဝေရန်တို့အတွက် ရည်ရွယ်ပါသည်။ ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနရုံးမှ အမြဲတမ်းအတွင်းဝန် ပူန်ဆူ ဆာဇာပီဝါသည် ဤပွဲသို့ တက်ရောက်ခဲ့ပါသည်။