မေလ ၁၀ ရက် ညနေပိုင်းတွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ဝူဟေကျောင်းဝင်းတွင် "ယဉ်ကျေးမှုဖလှယ်ခြင်းဖြင့် လူငယ်ဘဝပွင့်လန်းစေ၊ ရိုင်းပင်းကူညီ၍ အနာဂတ်သို့" ဆိုသည့်လိုရင်းချက်ဖြင့် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုပွဲတော်နှင့်အနုပညာအားကစားဖျော်ဖြေပွဲဖြင့် ကျောင်းတည်ထောင်ခြင်းနှစ်ပတ်လည်ကို ကြိုဆိုသည့် လှုပ်ရှားမှုကို ကျင်းပပြုလုပ်ခဲ့သည်။ အာဆီယံနိုင်ငံများမှ တက္ကသိုလ်ကျေင်းသူကျောင်းသားများနှင့် တရုတ်နိုင်ငံမှ တက္ကသိုလ်ကျေင်းသူကျောင်းသားများသည် ပြိုင်ပွဲများအတွင်း လူငယ်တို့၏ စိတ်အားထက်သန်မှုနှင့် သက်ဝင်အားများ ခံစားရင်း၊ အားကစားမှရရှိသော ပျော်ရွှင်မှုနှင့် လူမျိုးစုအားကစား၏ ဆွဲဆောင်မှုကို အတူတကွ ခံစားတွေ့ကြုံခဲ့ကြသည်။