ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်ကျေင်းသူကျောင်းသားများ ပညာရပ်ကျွမ်းကျင်မှုဖြင့် တရုတ်-အာဆီယံဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကို ပံ့ပိုး!

Time: 2024-05-08 Source: GUFL

မကြာသေးမီက ကွမ်ရှီးကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာနနှင့် နန်နင်းမြို့အစိုးရတို့ ပူးပေါင်းကျင်းပသည့် ဒုတိယကြိမ်မြောက် တရုတ်-အာဆီယံ (နန်နင်း) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပတ်လည်ပွဲတော်ကို နန်နင်းမြို့ရှိ ယုံးကျိုးရှေးဟောင်းမြို့·ဆန်ကျိန်လျံလျှံ့၊ ရှင်ဟွေ့စာသင်တိုက်၊ ယုံးကျိုးဇာတ်ရုံနှင့် ပြည်သူ့ဇာတ်ရုံတို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ လီဘိလင်း၊ ချိုင်ကျန်းယူ၊ ရုန်းဟွာတီ အပါအဝင်အင်္ဂလိပ်ဘာသာကျောင်းသူများက ယခုပွဲတွင် အထူးသောဘာသာပြန်ဝန်ဆောင်မှုများ ပေးရန် ဖိတ်ကြားခံခဲ့ရသည်။ ၎င်းတို့သည် ကောင်းမွန်သော ပညာရည်၊ အရည်အသွေးမြင့်သော ဘာသာပြန်လက်တွေ့စွမ်းရည်နှင့် တည်ကြည်သော အလုပ်အလေ့အထတို့ဖြင့် တရုတ်-အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တံတားများ ကို တည်ဆောက်ပေးကာ တရုတ်-အာဆီယံဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပတ်လည်ပွဲတော် အောင်မြင်စွာကျင်းပရေးကို အထောက်အကူပြုခဲ့ကြသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉