ပျော်ရွှင်စရာ ဗုံမောင်းသံများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝမ်းမြောက်ဖွယ်ရာ အသံများသည် ကျောင်းဝင်းအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ ဧပြီလ (၁၆) ရက်နေ့ ညနေပိုင်းက ကျွန်ုပ်တို့ တက္ကသိုလ်၏ ကွန်ချုံကျောင်းဝင်းတွင် "အတူယှဉ်တွဲနေထိုင်ခြင်း၊ ကံကြမ္မာမျှဝေခြင်း"လိုရင်းအချက်ဖြင့် ၂၀၂၄ ခုနှစ် နိုင်ငံတကာ ယဉ်ကျေးမှုပွဲတော်နှင့် တက္ကသိုလ်နှစ်ပတ်လည်အထိမ်းအမှတ် သီချင်းဖျော်ဖြေသင်္ကြန်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့ တက္ကသိုလ်၏ ပါတီနှင့်အုပ်ချုပ်ရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ ဆရာဆရာမ၊ကျေင်းသူကျောင်းသားများအယောက် ၂၀၀၀ ကျော်နှင့် ထိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံမှ ပညာတော်သင်များအယောက် ၁၀၀ ကျော်တို့သည် ပျော်ရွှင်စွာ ကခုန်ခြင်း၊ ရေဖျန်းကစားခြင်းများ ပြုလုပ်ကာ ပျော်ရွှင်မှုနှင့်ဆုတောင်းမှုများကို အပြန်အလှန် မျှဝေခဲ့ကြသည်။