“တရုတ်ပြက္ခဒိန်မတ်လ၃ရက်နေ့ပွဲတော်” ကာလအတွင်း၊ ၂၀၂၄ တရုတ် - လျှိုးကျိုး မြို့ “ယူဖုံး တေးဂီတဈေး” အမျိုးသားပြည်သူ့တေးသီချင်းဖိတ်ခေါပြိုင်ပွဲနှင့် “သီချင်းနတ်သမီး လျူဆန်းကျေး” ကွမ်ရှီးပြည်သူ့တေးသီချင်းဘုရင်ပြိုင်ပွဲ ဆက်စပ်လုပ်ငန်းစဉ်များကို လျှိုးကျိုးမြို့တွင် ကျင်းပခဲ့သည်။ ဤပြိုင်ပွဲသည် တစ်နိုင်ငံလုံး၏ ပြည်နယ် (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) ၁၈ ခု၊ တိုင်းရင်းသားလူမျိုး ၂၆ ခုနှင့် ဗီယက်နမ်၊ အင်ဒိုနီးရှားစသည့် အာဆီယံနိုင်ငံများမှ စုစုပေါင်း ထူးချွန်အဆိုတော်အယောက် ၈၀ ကျော်တို့ကို လျှိုးကျိုးမြို့တွင် စုရုံးစေကာ စင်ပေါ်တွင် အတူတကွ ပြိုင်ဆိုင်စေခဲ့သည်။