ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ အရှေ့တောင်အာရှပညာတော်သင်များ တရုတ်-အာဆီယံ ထူးခြားကုန်စည်စုစည်းရေးဗဟိုဌာန ကျင်းပသည့် " တရုတ်ပြက္ခဒိန်မတ်လ၃ရက်နေ့ပွဲတော် " ဆက်တိုက်လုပ်ဆောင်မှုများသို့ ဖိတ်ခေါ်ခံရ

Time: 2024-04-11 Source: GUFL

ဧပြီလ ၁၀ ရက်နေ့တွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ အရှေ့တောင်အာရှပညာတော်သင်များသည် တရုတ်-အာဆီယံ ထူးခြားကုန်စည်စုစည်းရေးဗဟိုဌာန ကျင်းပသည့် " တရုတ်ပြက္ခဒိန်မတ်လ၃ရက်နေ့ပွဲတော် " ဆက်တိုက်လုပ်ဆောင်မှုများသို့ ဖိတ်ခေါ်ခံခဲ့ရသည်။ ပြပွဲနေရာတွင် ကျွန်ုပ်တို့တက္ကသိုလ်၏ ပညာတော်သင်များက အရှေ့တောင်အာရှနိုင်ငံများ၏ ထူးခြားသော အကများကို ပရိသတ်အား ဖျော်ဖြေပြသခဲ့ပြီး သင်္ကြန်ပွဲတွင် ပါဝင်ဆင်နွှဲကာ အရှေ့တောင်အာရှနိုင်ငံများ၏ ယဉ်ကျေးမှုကို တက်ကြွစွာ မိတ်ဆက်ပေးခဲ့သည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား တက်ကြွစွာဆောင်လျက် ကျွန်ုပ်တို့၏ ပညာတော်သင်များသည်လည်း ယဉ်ကျေးမှုဆက်သွယ်ရေး တာဝန်ထမ်းဆောင်သူများအဖြစ် တရုတ်နှင့် အာဆီယံနိုင်ငံများကြား စီးပွားရေး၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှု တံတားကို တည်ဆောက်ပေးလျက်ရှိသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉