မကြာသေးမီက၊ ကွမ်ရှီးကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပညာရေးဌာန ဦးဆောင်ကျင်းပသည့် ၂၀၂၄ ခုနှစ် ကွမ်ရှီးအဆင့်မြင့်ပညာတက္ကသိုလ်များ၏ ပဉ္စမအကြိမ်မြောက်နိုင်ငံတကာထုတ်လုပ်သူပြိုင်ပွဲသည် ပေ့ဖ်ဝမ်တက္ကသိုလ်ရှိ စုပေါင်းဖန်တီးရာနေရာ တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ထိုင်းနိုင်ငံ ပညာတော်သင် Yatawee Chantanant (လီမေဂျာ) ၂၀၂၃ ခုနှစ်ဝင်ကျောင်းသူ) ၏ အဖွဲ့သည် ဒုတိယဆု နှင့် အကောင်းဆုံးဖန်တီးမှုဆုတို့ကို ရရှိခဲ့ပြီး၊ တရုတ်ဘာသာစာပေပညာရပ်မှ ၂၀၂၁ ခုနှစ်ဝင်ကျောင်းသူ ပန်ရှည်ယူ၏ အဖွဲ့ကလည်း ဒုတိယဆုကို ရရှိခဲ့သည်။