“ရပ်ဝန်းနှင့်ပိုးလမ်းမ” တည်ဆောက်မှု ရှေ့ဆက်တိုးတက်လာသည်နှင့်အမျှ၊ နယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေးလုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးမှု အခွင့်အလမ်းများနှင့် ရင်ဆိုင်နေရပြီး၊ ထိုလုပ်ငန်းအတွက် ထူးချွန်သော လူချွန်များအပေါ် လိုအပ်ချက်သည်လည်း ပို၍ ပို၍ အရေးတကြီးဖြစ်လာနေသည်။ မကြာသေးမီက၊ ဆင်းကျင်းသတင်းစာသည် ကျွန်ုပ်တို့ တက္ကသိုလ်၏ နယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေး လူချွန်ပြုစုပျိုးထောင်ရေး အခြေအနေများကို လာရောက် တွေ့ဆုံမေးမြန်းခဲ့သည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ပါမောက္ခ လျူလင်းလီက ၎င်း၏ အင်တာဗျူးတွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် "ပညာရပ် + နိုင်ငံခြားဘာသာစကား + ဆန်းသစ်တီထွင် စီးပွားရေး စွမ်းရည်" ဟူသော နယ်စပ်ဖြတ်ကျော် အွန်လိုင်းစီးပွားရေး လူချွန် ပြုစုပျိုးထောင်ရေး ပုံစံကို ဆက်လက် တည်ဆောက်သွားမည်ဖြစ်ပြီး၊ အရည်အသွေး မြင့်မားသော၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော၊ ဘက်စုံကျွမ်းကျင်သောနယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ် စီးပွားရေး လူချွန်များကို နက်ရှိုင်းစွာ ပြုစုပျိုးထောင်၍၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် နှင့် ကွမ်ရှီး စီးပွားရေး ၊ လူမှုရေး တိုးတက်မှုအတွက် အရည်အသွေးမြင့် အသုံးချလက်တွေ့ကျွမ်းကျင်သူများကို ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။