ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး၏ အခန်းသစ်ကို ကောင်းစွာ ရေးသားရန် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်က ပြင်သစ်ဘာသာ ဘာသာရပ် အရည်အသွေးမြင့် လက်တွေ့အသုံးချလူချွန်များ ပြုစုပျိုးထောင် ရန် အားထုတ်

Time: 2024-01-20 Source: GUFL

“ရပ်ဝန်းနှင့်ပိုးလမ်းမ” သည် တရုတ်နိုင်ငံက ကမ္ဘာနှင့် အခွင့်အလမ်းများ အတူမျှဝေရန်၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ စီမံဆောင်ရွက်ရန် လမ်းကြောင်းဖြစ်သည်။ “ရပ်ဝန်းနှင့်ပိုးလမ်းမ” တည်ဆောက်မှု နက်ရှိုင်းစွာ ရှေ့ဆက်တိုးတက်လာသည်နှင့်အမျှ၊ တရုတ်နိုင်ငံနှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအကြား ခရီးသွားလုပ်ငန်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာ ဆက်သွယ်လာပြီး၊ ပြင်သစ်ဘာသာစကား ကျွမ်းကျင်သော၊ နိုင်ငံတကာ အမြင်ရှိသော၊ နိုင်ငံတကာ ကိစ္စရပ်များနှင့် နိုင်ငံတကာ ပြိုင်ဆိုင်မှုများတွင် ပါဝင်ဆောင်ရွက်နိုင်သော အရည်အသွေးမြင့် လူချွန်များကို အလျင်အမြန် လိုအပ်လျက်ရှိသည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် ပြင်သစ်ဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ဆောင်ရွက်လျက်ရှိပြီး၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” တည်ဆောက်မှုအတွက် ပြင်သစ်ဘာသာရပ် အရည်အသွေးမြင့် လက်တွေ့အသုံးချလူချွန်များကို ပြုစုပျိုးထောင်လျက်ရှိသည်။

 

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉