ဂုဏ်ပြုပါသည်! ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် နဂါး-ခြင်္သေ့အသင်း ပထမဆု နှစ်ခု ရရှိ!

Time: 2024-01-10 Source: GUFL

မကြာသေးမီက၊ ပဉ္စမအကြိမ်မြောက် ကွမ်ရှီးကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတက္ကသိုလ်ကျောင်းသားများ နဂါးကပြခြင်း၊ ခြင်္သေ့ကပြခြင်း ပြိုင်ပွဲသည် ပေ့ဆိုတက္ကသိုလ် တွင် ကျင်းပပြီးဆုံးခဲ့သည်။ ကွမ်ရှီးအတွင်းရှိ တက္ကသိုလ်များ ၂၇ ခုမှ နဂါး-ခြင်္သေ့ အားကစားသမားအယောက် ၅၀၀ ကျော်တို့သည် ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် တောင်ပိုင်းခြင်္သေ့နှင့် နဂါးကပြခြင်းဟူသော ပြိုင်ပွဲကြီး (၂) မျိုးနှင့် ပြိုင်ပွဲငယ် (၁၀) မျိုး ပါဝင်ပြီး၊ အုပ်စု (က) (သာမန်ပထမဘွဲ့အုပ်စု)၊ အုပ်စု (ခ) (အဆင့်မြင့် သက်မွေးပညာ အုပ်စု) နှင့် အုပ်စု (ဂ) (ကာယဗလပညာရပ် ကျွမ်းကျင်သူ အုပ်စု) ဟူ၍ အုပ်စု (၃) စု ခွဲခြားထားသည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် နဂါး-ခြင်္သေ့အသင်းသည် အောက်ပါဆုတံဆိပ်များ ရရှိခဲ့သည် ။ယောက်ျားလေးတောင်ပိုင်းခြင်္သေ့ကိုယ်ပိုင်ရွေးချယ်ထားသောကစားနည်း ပုံစံအုပ်စု (က) ပထမဆု ၊ ယောက်ျားလေး တောင်ပိုင်းခြင်္သေ့သတ်မှတ်ထားသောကစားနည်းပုံစံ အုပ်စု (က) ပထမဆု ၊ ရိုးရာတောင်ပိုင်းခြင်္သေ့ယောက်ျားလေးအုပ်စု (က) စတုတ္ထနေရာ ၊ ရိုးရာတောင်ပိုင်းခြင်္သေ့မိန်းကလေးအုပ်စု (က) စတုတ္ထနေရာ ။


 

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉