မကြာသေးမီက ပြီးဆုံးသွားသော ၂၀၂၃ "ဖလန်ရှပ်·ဂိုးစိုင်ဖလား" (Uchallenge)"မျက်မှောက်ခေတ်တရုတ်နိုင်ငံကို နားလည်ခြင်း" တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသူကျောင်းသားများ နိုင်ငံခြားဘာသာစွမ်းရည် ပြိုင်ပွဲ (အင်္ဂလိပ်ဘာသာစကားအုပ်စု) နိုင်ငံအဆင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ ကလောင်ဖြင့်ဘာသာပြန်ခြင်း အရပ်များနှင့် ဟောပြောခြင်း၊ နှုတ်ဖြင့်ဘာသာပြန်ခြင်း အရပ်များ ပထမအဆင့် ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးမှ ပါဝင်ယှဉ်ပြိုင်သူအယောက် ၂၀၀၀ နီးပါးတို့က စွမ်းရည်များကို ပြသခဲ့သည်။ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ လီဘီလင်းကျောင်းသူသည် စာဖတ်ခြင်းအရပ်တွင် နိုင်ငံအဆင့် ငွေတံဆိပ်ကို ရရှိခဲ့ပြီး ရှီဟွာယူ ကျောင်းသူသည် စာဖတ်ခြင်းအရပ်တွင် နိုင်ငံအဆင့် ကြေးတံဆိပ် ကို ရရှိခဲ့သည်။ ဟိုရွန်းချင်း၊ ဟူချွန်းလျန် နှင့် လျူမန်း ကျောင်းသူများသည် စာရေးခြင်းအရပ်တွင် နိုင်ငံအဆင့် ကြေးတံဆိပ်များကို ရရှိခဲ့ကြသည်။စာဖတ်ခြင်းအရပ် နိုင်ငံအဆင့်တွင် ကွမ်းရှီး ရရှိသည့် တစ်ခုတည်းသော ရွှေတံဆိပ် (၁) ခုနှင့် ငွေတံဆိပ် (၁) ခုတို့သည် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ရရှိခြင်းဖြစ်သည်။ ၎င်းအထဲ ရွှေတံဆိပ်ကို ကျွန်ုပ်တို့တက္ကသိုလ်၏ ထူးချွန်သော ကျောင်းသားဟောင်း ဝမ်ဖန်ရှန်း က ဆွတ်ခူးရရှိခဲ့သည်။