၂၀၁၃ ခုနှစ် စက်တင်ဘာလတွင်၊ သမ္မတ ရှီကျင့်ဖျင်က ကာဇက်စတန်နိုင်ငံ၌ “ပိုးလမ်းမကြီး စီးပွားရေးဇုန်” ကို ပူးပေါင်းတည်ဆောက်ရန် အရေးပါသော အဆိုပြုချက်တစ်ရပ်ကို ပြောပြခဲ့သည်။ ထိုနှစ် အောက်တိုဘာလတွင်မူ အင်ဒိုနီးရှားနိုင်ငံ၌ “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး”ကို ပူးပေါင်းတည်ဆောက်ရန် အဆိုပြုခဲ့ပြန်သည်။ ဤအဆိုပြုချက် နှစ်ရပ်ကို ပေါင်းစပ်၍ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ဟုအမည်တွင်ခဲ့သည်။ ယခုနှစ်သည် ဤအဆိုပြုချက် မိတ်ဆက်ခဲ့သည့် နှစ်ပတ်လည် ဆယ်နှစ်မြောက် ဖြစ်သည်။ ဆယ်နှစ်သည် ရရှိခဲ့သော အောင်မြင်မှုများကို ပြန်လည်ကြည့်ရှုရန် အဆင့်ဖြစ်သလို၊ အနာဂတ်ကို ရှုမြင်ရန် အခွင့်အရေးလည်း ဖြစ်သည်။ ဤဆယ်နှစ်အတွင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” သည် ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ တစ်စက်ပြီးတစ်စက် အောင်မြင်မှုများ စုပေါင်းခဲ့ကာ၊ ပြည်သူလူထုအား အကျိုးပြုခဲ့ပြီး ကမ္ဘာကြီးကို ကောင်းကျိုးဆောင်ခဲ့သည်။“ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းတည်ဆောက်ရေး၏ အခွင့်ကို ကိုင်တွယ်လျက်၊ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် “‘ရပ်ဝန်းနှင့်ပိုးလမ်းမ’ ချိတ်ဆက်မှုနှင့် ကုန်းတွင်းပိုင်း-ပင်လယ်ရေပြင် ညှိနှိုင်းစီမံမှု၏ အဓိကဒေသ” ကဲ့သို့သော ထူးခြားသည့် ပထဝီဝင်အားသာချက်များကို အားကိုး၍၊ ဆယ်နှစ်ကာလအတွင်း၊ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်နိုင်ငံတကာနှင့်ချိတ်ဆက်သော ပညာရေးအထူးလုပ်ငန်းကို အပြည့်အဝ ဖန်တီးတည်ဆောက်လျက်၊ တက္ကသိုလ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်အားပေး ဆောင်ရွက်လျက်ရှိသည်။