ကွမ်ရှီးသတင်းအင်တာနက် အပါအဝင် မီဒီယာများက ကွမ်ရှီးနိုင်ငံခြားဘာသာ တက္ကသိုလ်၏ စေတနာ့ဝန်ထမ်းများ ပထမအကြိမ်မြောက် တစ်နိုင်ငံလုံးကျေင်းသူကျောင်းသား (လူငယ်) အားကစားပွဲ၊ ကွမ်ရှီးပတ်လည် ကမ္ဘာလှည့်ခရီးသွား စက်ဘီးပြိုင်ပွဲ(Tour of Guangxi)အစရှိသော စေတနာ့ဝန်ထမ်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးမှုအကြောင်း သတင်းဖော်ပြ

Time: 2023-10-17 Source: GUFL

အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်နေ့အတွင်း၊ ၂၀၂၃ Gree–ကွမ်ရှီးပတ်လည် ကမ္ဘာလှည့်ခရီးသွား စက်ဘီးပြိုင်ပွဲ (2023 Gree–Tour of Guangxi) ကို နန်နင်းမြို့ တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ရန်အတွက်၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ၏ ဖိတ်ခေါ်မှုအရ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်သည် စေတနာ့ဝန်ထမ်းများကို စေလွှတ်၍ ကမ္ဘာလှည့်ခရီးသွား စက်ဘီးပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုများ ပေးအပ်ခဲ့သည်။ ပြိုင်ကွင်းအတွင်းရှိ ရှုမျှော်ခင်းများနှင့် စောင့်နေရာများတွင်၊ အစိမ်းနှင့်အဖြူရောင်သည် အထူးတောက်ပစွာ ထင်ရှားနေသည်။ ဤသည်မှာ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်၏ စေတနာ့ဝန်ထမ်းများအယောက် ၇၀၀ နီးပါးက ပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှု အာမခံချက်အလုပ်များကို ဆောင်ရွက်ပေးနေသည့် မြင်ကွင်းဖြစ်သည်။