တရုတ်နိုင်ငံသည် COVID-19 ကာကွယ်ထိန်းချုပ်ရေး ပိုမိုကောင်းမွန်အောင် ထိန်းညှိခြင်းနှင့်အတူ နိုင်ငံတကာခရီးသွားလာရေး ပြန်လည်လွယ်ကူလာသည်နှင့်အမျှ နိုင်ငံခြားပညာတော်သင်တို့သည် ကွမ်ရှီးသို့ ပြန်လည်ရောက်ရှိကာ ကျောင်းဘဝကို အသစ်တစ်ဖန် စတင်နေကြပြီ။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ထိုင်းနိုင်ငံကျောင်းသူ ကျန်ဖူးသည် ဘွဲ့ရရန် နီးကပ်နေပြီး ယခုအခါ တရုတ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်သူဖြစ်လာသည့်အတွက် ကိုယ်ပိုင်အလုပ်အကိုင် အစီအစဉ်ရှိလာသည်။"ဘွဲ့ရပြီးရင် ကျွန်မ တရုတ်နိုင်ငံမှာ ဆက်နေမယ်" ဟု ကျန်ဖူးက သတင်းထောက်အား ပြောကြားခဲ့သည်။ သူမသည် အွန်လိုင်းထုတ်လွှင့်သူ တစ်ဦးဖြစ်လိုပြီး တရုတ်နိုင်ငံတွင် နေထိုင်စဉ် ခံစားချက်များမှတစ်ဆင့် လူများကို တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်စေလိုကြောင်း၊ ထိုင်း-တရုတ် ယဉ်ကျေးမှုဖလှယ်ရေး ဆက်သွယ်မှု တံတားအဖြစ် ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်။