ဖေဖော်ဝါရီလ ၁၆ ရက်တွင် နန်းနင်းမြို့ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ နှင့် မက္ကဆီကို မိုရယ်လီယာမြို့ပါလီမန်လွှတ်တော်တို့အကြား ဆက်သွယ်ရေးနှင့် လုပ်ငန်းဆက်စပ်မှု ဗီဒီယိုကွန်ဖရင့်ကို နန်းနင်းပြည်သူ့ခန်းမ၌ ကျင်းပခဲ့သည်။ မြို့တော်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ တာဝန်ခံ ဖန်းရှဲကျွန်းနှင့် မိုရယ်လီယာမြို့မှမာတီနက်စ်တို့ ဦးဆောင်လျက် နှစ်မြို့စီ ဥပဒေပြုအဖွဲ့များ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နယ်ပယ်အသီးသီးမှ အဓိကလုပ်ငန်းများပါဝင်၍ လက်တွေ့အကျိုးရှိသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် စပိန်ဘာသာဌာနမှ ဆရာမ ဝေးရှဲ့ရှပ်သည် နန်းနင်းမြို့ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ တာဝန်ခံ ဖန်းရှဲကျွန်း၏ စကားပြန်အဖြစ် ဖိတ်ကြားခံရကာ အစည်းအဝေးခန်းမ၌ တာဝန်ခံအတွက် စပိန်ဘာသာ စကားပြန်ဝန်ဆောင်မှု ပေးခဲ့သည်။