
မကြာသေးမီက ဟီနန်ပြည်နယ်၊ ကျောက်ဇူးမြို့မှ သတင်းကောင်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလက ကျောက်ဇူးတက္ကသိုလ်၌ ကျင်းပသော တရုတ်နိုင်ငံနိုင်ငံတကာတက္ကသိုလ်ကျောင်းသားတီထွင်ပြိုင်ပွဲ(၂၀၂၅) ဗိုလ်လုပွဲ၌ ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ထျန်းလျောင့်ဇိဇောက်အသင်းသည် အဆင့်မြင့်ပညာရေးအဓိကလမ်းကြောင်း ဘွဲ့မရသေးသောတက္ကသိုလ်ကျောင်းသားကဏ္ဍတွင် နိုင်ငံတော်အဆင့် ငွေတံဆိပ်ဆုကို ဆွတ်ခူးခဲ့သည်။ ဤအောင်မြင်မှုသည် ယခင်က ဤပြိုင်ပွဲ၌ နိုင်ငံတော်အဆင့်ဆုတံဆိပ် သုညဖြစ်ခဲ့ရာမှ ပထမဆုံးအကြိမ် သုညဖောက်နိုင်ခြင်းဖြစ်ကာ တက္ကသိုလ်၏ တီထွင်ဆန်းသစ်ရေးပြိုင်ပွဲ သမိုင်းတွင် အရေးပါသော ခြေလှမ်းသစ်တစ်ရပ် ဖြစ်သည်။