ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ် ဒါရိုက်တာအဖွဲ့ ခေါင်းဆောင်များ ကွမ်တုန်းပြည်နယ်တိုက်ရိုက်ထုတ်လွှင့်အီလက်ထရွန်နစ်စီးပွားရေးအသင်းသို့ သွားရောက်လေ့လာ

Time: 2025-11-11 Source: GUFL

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကွမ်ရှီးနိုင်ငံခြားဘာသာတက္ကသိုလ်၏ ဖွဲ့စည်းတည်ထောင်သူများထဲမှာတစ်ဦး ကျူးကွီလင်နှင့် တက္ကသိုလ်ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဌ ဒေါက်တာဝေချန်းတို့ဦးဆောင်သော အဖွဲ့သည် ကွမ်တုန်းပြည်နယ်တိုက်ရိုက်ထုတ်လွှင့်အီလက်ထရွန်နစ်စီးပွားရေးအသင်းသို့ သွားရောက်၍ စက်မှုလုပ်ငန်းနှင့်ပညာရေးဆိုင်ရာ ပေါင်းစပ်မှု၊ ကျောင်းနှင့်လုပ်ငန်းများ ပူးပေါင်း၍ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းစသည့် အကြောင်းအရာများအား နက်ရှိုင်းစွာ ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ကွမ်တုန်းပြည်နယ်တိုက်ရိုက်ထုတ်လွှင့်အီလက်ထရွန်နစ်စီးပွားရေးအသင်းမှဥက္ကဋ္ဌကျူးလွန်ယူ၊ အထွေထွေအတွင်းရေးမှူးလင်းကျော်ဖေါင်နှင့် ပါတီခွဲအတွင်းရေးမှူးမိုင်ဝမ်ဝမ်တို့က လှိုက်လှိုက်လှဲလှဲကြိုဆိုတွေ့ဆုံပြီး ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသည်။

一审:邱嘉媚 二审:黄琦蔚 三审:梁淑辉